Print
News
Current News
Hits: 8552

ရန်ကုန်၊ ဇွန် ၂၁- ကမ်းရိုးတန်းနေ ကျေးလက်ပြည်သူများ၏ အသက် မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အ လမ်းများကိုရေရှည်တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း ဖြင့် ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှသိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ် ငန်းဦးစီးဌာနသည် Danida နှင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ဒီဇင်ဘာ ၆ ရက်တွင် MOU ရေးထိုးခဲ့ပြီး နောက်၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ ရခိုင်ပြည်နယ်နှင့်တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ စမ်းသပ် ကျေးရွာများတွင် ရေရှည်တည်တံ့ သော ကမ်းရိုးတန်းငါးလုပ်ငန်း (DoF-SCF) စီမံကိန်းကိုအစပြု လာခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်း၏ ငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှုအ တွေ့အကြုံများဆိုင်ရာ နှီးနှောဖ လှယ်ပွဲကို ဇွန် ၂၀ ရက်ကရန်ကုန် မြို့ရှိ Lotte Hotel  ၌ကျင်းပ ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်ဒေါက်တာခင်ဇော်က "SCF စီမံကိန်းက ကမ်းရိုးတန်း ရေသယံဇာတတွေကို စဉ်ဆက်မပြတ် ထိန်းသိမ်းမယ်။ ဒီစီမံကိန်းကိုရခိုင် ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသ ကြီးတွေမှာ အဓိကလုပ်ဆောင် နေတာပါ။ စီမံကိန်းအရ ကမ်းရိုး တန်းသယံဇာတထိန်းသိမ်းတဲ့ သင် တန်းတွေသင်ပေးတယ်။ ကမ်းရိုး တန်းရေလုပ်သားတွေကို ကော်မတီ ဖွဲ့ပြီး ရေလုပ်သားအစုအဖွဲ့လေး တွေဖွဲ့စည်းတယ်။ ဒီအစုအဖွဲ့လေး တွေကို ကမ်းနီးရေလုပ်ငန်းတွေက ဘာတွေရှိတယ်။ သူတို့ရဲ့ဆောင် ရန်ရှောင်ရန်က ဘာတွေရှိတယ် ဆိုတဲ့ ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ပြီးရင်ဆက် လုပ်မှာက သူတို့ဝင်ငွေတိုးတက်လာ အောင် ငါးတွေကို ဘယ်လိုထိန်း သိမ်းရတယ်။ ဘယ်လိုပြုပြင်ရ တယ်။ ဘယ်လိုထုတ်လုပ်ရလဲဆိုတာကိုစီမံကိန်းကနေ သင်ပေး မယ်။ ပြီးရင် ကမ်းနီးမှာရှိတဲ့ ငါး သယံဇာတတွေကို ရေရှည်ထိန်းသိမ်းထုတ်လုပ်နိုင်အောင် အဓိက သင်ပေးမယ်။ လိုအပ်တဲ့တချို့ သွင်း အားစုတွေကို ထောက်ပံ့ပေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွား မယ်။ ဒါကသူတို့ရဲ့ဝင်ငွေတွေ တိုး လာစေမှာပါ" ဟု ယင်းအခမ်းအ နားတွင် ပြောသည်။

အဆိုပါစီမံကိန်းကို မြန်မာ့ ကမ်းနီးငါးလုပ်ငန်းများအား စီမံ ခန့်ခွဲရာတွင် ရေရှည်ဆောင်ရွက် နိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီး ဌာနနှင့် ဒေသခံအစုအဖွဲ့များအ ကြား ပူးပေါင်းစီမံခန့်ခွဲမှုအစီအ စဉ်အား အစပျိုးဆောင်ရွက်ရန်၊ ငါးလုပ်ငန်းဥပဒေများ စိုးမိုးလာ စေရေးအတွက် ပင်လယ်ပြင်ကင်း လှည့်စစ်ဆေးရေးလုပ်ငန်းစဉ်များ ကို ကူညီပံ့ပိုးပေးရန်၊ ဖမ်းဆီးရမိ သည့်ငါးများ အလေအလွင့်မရှိစေ ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးအတွက် ကူညီပံ့ ပိုးပေးခြင်းဖြင့် ကမ်းရိုးတန်းနေ ကျေးလက်လူထုများ၏ အသက် မွေးဝမ်းကျောင်းများ တိုးတက်လာ အောင် ဆောင်ရွက်သွားရန်နှင့် ငါးမဖမ်းရရာသီများတွင် လုပ်ကိုင် နိုင်မည့် အခြားသော အသက် မွေးဝမ်းကျောင်းလုပ်ငန်းများကို ရှာဖွေသွားရန်၊ မတူညီကွဲပြားခြား နားသော လူမျိုးစု အစုအဖွဲ့များ ပါဝင်လာစေရန် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာအခြေပြု ပူးပေါင်းစီမံ ခန့်ခွဲမှုကော်မတီများအား စီမံကိန်း ကျေးရွာရှစ်ရွာတွင် ရွေးကောက် တင်မြှောက်နိုင်ခဲ့ပြီး စီမံကိန်းကျေး ရွာလေးရွာတွင် ငါးလုပ်ငန်းစီမံခန့် ခွဲရေးစီမံချက်များ ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှုများပြုလုပ်သွားမည့်ဧရိ ယာ များသတ်မှတ်ခြင်းကိုလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

TEEP/Democracytoday