Print
News
Current News
Hits: 8984

မုံရွာ၊ ဇွန် ၂၁- စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာမြို့ ဘုန်းစိုးရပ်ကွက် ဘုန်းစိုး ဘုန်းတော်ကြီးကျောင်းအ တွင်း မုန့်မျိုးစုံကို အခမဲ့ယူဆောင် စားသုံးနိုင်သည့် Food Box အား ပထမဆုံးထားရှိထားကြောင်း သိ ရသည်။

အဆိုပါ Food Box ကို မြို့ ခံကိုဖြိုးပြည့်စုံက မွေးနေ့အလှူအ ဖြစ် အစားအသောက်များကို တစ် နေလုံးကုန်သလောက် ပြန်လည် ဖြည့်တင်းကာ ထားရှိပေးခြင်းဖြစ် သည်။

"မတည်လှူဒါန်းတာတော့ ကျွန်တော်ပေါ့။ နောက်က သူငယ် ချင်းတွေကပါ စားစရာတွေလာ ဝိုင်းထည့်ပေးကြတာ" ဟု ကိုဖြိုး ပြည့်စုံကပြောသည်။

Food Box တွင် အသင့် စားမုန့်မျိုးစုံပေါင်း ၁၅ မျိုးကို ထည့်သွင်းထားပြီး နောက်နေ့များ တွင် လှူဒါန်းမည့်အလှူရှင်စာရင်း များကို ရရှိထားကြောင်း Food Box များကို နေ့စဉ်နံနက် ၆ နာရီ ခွဲမှ ည ၇ နာရီထိ ထားရှိပေးသွား မည်ဖြစ်ကြောင်း Food Box များ ကို  လူအများသွားလာရာ မုံရွာမြို့ ဗိုလ်ချုပ် လမ်းမကြီးဘေး ဇောင် ကြမ်းပင်ဘုန်းကြီးကျောင်းရှေ့တွင် လည်း ထားရှိရန် အလှူရှင်အဖွဲ့ များက စီစဉ်နေကြောင်း သိရ သည်။

KTS/Democracytoday