Print
News
Current News
Hits: 8284

နေပြည်တော်၊ ဇွန် ၂၁ - ဇွန် ၂၂ ရက်မှစတင်ပြီး ရန်ကုန်တိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်မီးပြတ်တောက်မှုများမဖြစ် တော့ဘဲ ယခင်ကအတိုင်း လျှပ်စစ်မီးများ ထုတ်လွှတ်ပေးတော့မည်ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်ရုံးခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမိုးဦးက "ဇွန် ၂၂ ရက်မှစတင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးတို့မှာ လျှပ်စစ်မီးမပျက်ဖို့ ကျွန်တော်တို့ဝန်ကြီးဌာနက စီစဉ် နေပါတယ်။ အခုမိုးတွေရွာလာတော့ တချို့ ရေအားလျှပ်စစ်စက်ရုံတွေ မှာလည်း စက်တွေက ပုံမှန်မောင်းလို့ရတဲ့အနေအထားဆိုတော့ ရပ်လိုက်၊ လည်လိုက် လုပ်ချက်တွေ၊ Shut Down လုပ်တာတွေ မလုပ် တော့ဘဲနဲ့ ဒီလ (ဇွန်လ ၂၂ ရက်)ကစပြီးတော့ အရင်အတိုင်းပဲ ပုံမှန် ပြန်ပေးနိုင်ဖို့ ကျွန်တော်တို့ စီစဉ်နေ တာပါ။ အခုထုတ်လွှတ်ပေးနေတဲ့ ရေ အားလျှပ်စစ်သုံးဆည်တွေမှာ လည်း ရေအပြည့်အဝရှိတယ်လို့ တော့မဟုတ်ဘူးပေါ့။ သင့်လျော်တဲ့ အနေအထားတစ်ခုတော့ ရောက်နေ ပါပြီ" ဟု ဒီမိုကရေစီတူဒေးမှ ဆက် သွယ်မေးမြန်းရာ၌ ယင်းကဲ့သို့ပြော ခြင်း ဖြစ်သည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေး ကော်ပိုရေးရှင်းကလည်း ရန် ကုန်တိုင်းဒေသကြီး၏ ခရိုင်နှင့် မြို့နယ်များတွင် (၂၂.၆.၂၀၁၉) ရက်မှစ၍ အလှည့်ကျဝန်အား လျှော့ ချခြင်းများ ဆောင်ရွက်မှုမပြုတော့ ဘဲ၊ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါကြောင်း နှင့် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း များအတွင်း မဖြစ်မနေ ထိန်းသိမ်း ပြုပြင်ရမည့် အရေးပေါ်အခြေအ နေမျိုး၌ ဓာတ်အားပိတ်ချိန် အနည်းဆုံးဖြင့်သာ ယာယီဓာတ် အားပိတ်၍ လုပ်ငန်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဇွန် ၂၁ ရက် က လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ် ဧပြီလ တတိယ ပတ်မှစ၍ ဓာတ်အားသုံးစွဲမှု တိုး တက်များပြားလာခြင်း ဓာတ်အား ထုတ်လုပ်မှု လျော့နည်းကျဆင်းလာ ခြင်းတို့ကြောင့် တိုင်းဒေသကြီး၊ ပြည် နယ်အသီးသီးတွင် အလှည့်ကျ ဝန်အားလျှော့ချခြင်းများကို စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဝန်အား လျှော့ချ ဆောင်ရွက်လျက်ရှိရာတွင် မေလအတွင်း မဂ္ဂါဝပ် ၆၀၀မှ မဂ္ဂါဝပ် ၈၀၀ခန့်ကို လျှော့ချခဲ့ရ ကြောင်း၊ ဓာတ်အားရရှိမှု အခြေ အနေအရ ပြည်သူများအတွက် အခက်အခဲအချို့ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် အများပြည် သူနှင့် စက်မှု လက်မှုလုပ်ငန်းများ၊ ဓာတ်အားပြတ်တောက်မှု မရှိစေရေး၊ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင် ရေး၊ ပြည်သူများ စိတ်ကျေနပ်မှု ရှိစေ ရေးတို့အတွက် အကောင်းဆုံးကြိုး ပမ်းဆောင်ရွက်ပေးလျက်ရှိသည့် အပြင် မိုးဦးရာသီကာလ ရောက်ရှိ လာပြီဖြစ်၍ ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံများမှလည်း ဓာတ် အားများ တိုးတက်ထုတ်လုပ်ပေး နိုင်ရန် အလားအလာရှိကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသ ကြီး၏ ခရိုင်နှင့် မြို့နယ်များတွင် (၂၂.၆.၂၀၁၉)ရက်နေ့မှစ၍ အ လှည့်ကျ ဝန်အားလျှော့ချခြင်းများ မပြုတော့ဘဲ၊ ပုံမှန်အတိုင်း လျှပ် စစ်ဓာတ်အား ဖြန့်ဖြူးပေးသွား မည်ဖြစ်ပါကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်းအောက်တွင် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ ရုံ တပ်ဆင်အင်အား ၃၂၂၅ မဂ္ဂါဝပ် နှင့် အပူစွမ်းအင်ဓာတ်အားပေးစက် ရုံ ၂၁ ရုံ ၊ တပ်ဆင်အင်အား ၂၄၀၂ ဒသမ ၂၉ မဂ္ဂါဝပ်အပြင် ကျောက်မီး သွေးသုံး ဓာတ်အားပေးစက်ရုံတစ်ရုံ တပ်ဆင်အင်အား ၁၂၀ မဂ္ဂါဝပ် စုစု ပေါင်းဓာတ်အားပေးစက်ရုံ ၅၀ မှ စက်တပ်ဆင်အင်အား ၅၇၄၇ ဒသမ ၂၉ မဂ္ဂါဝပ်ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇွန်လဒုတိယ ပတ်အတွက် ဓာတ်အားသုံးစွဲနိုင် ခြေ ၃၃၃၅ မဂ္ဂါဝပ် ရှိမည်ဟု ခန့် မှန်းထားသလို ယခင်ဓာတ်အား ပေးစက်ရုံများမှ စုစုပေါင်း ၃၀၄၆ မဂ္ဂါဝပ်အတိုင်းသာ ထုတ်လုပ်မှုရှိ ခဲ့ပါက ဓာတ်အားလိုအပ်ချက် သည် ၂၈၉ မဂ္ဂါဝပ်ရှိမည်ဖြစ်ပြီးဓာတ်အားပို့လွှတ်ရာတွင် ဆုံးရှုံးမှု လေး ရာခိုင်နှုန်းအား တွက်ချက်ပါ က ၄၁၁ မဂ္ဂါဝပ်ဖြစ်ပေါ်နိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

MO/Democracytoday