ရန်ကုန်၊ ဇွန် ၁၉- ရန်ကုန်တိုင်းဒေ သကြီးတွင် ရာသီတုပ်ကွေးရောဂါ (AH1N1) ဖြစ်ပွားသူ ခုနစ်ဦးရှိပြီဖြစ် ပြီး သုံးဦးသေဆုံးသွားကြောင်း ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

ဇွန်လအတွင်း သံသယလူနာ ၂၀ အနက် ခုနစ်ဦးတွင် ရောဂါပိုးရှိ နေပြီး ゞင်းတို့အနက် အမျိုးသားနှစ် ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးသွား ခြင်းဖြစ်သည်။ '"ဇွန်ထဲမှာ case ခုနစ်ခုတွေ့ တယ်။ သံသယလူနာ ၂၀ တွေ့တယ်။ အဲဒီအထဲကမှ အတည်ပြုတဲ့ သူဓာတ် ခွဲစမ်းသပ်အဖြေအရ သိရတာက ခုနစ်ဦးမှာရှိတယ်။ အဲဒီထဲကမှ သုံးဦး ဆုံးသွားတယ်။ သေဆုံးတဲ့လူနာတွေ က ကော့မှူးက အမျိုးသမီးတစ်ဦး၊ စမ်းချောင်းက အမျိုးသားတစ်ဦး၊ ဒဂုံ ဆိပ်ကမ်းယုဇနက အမျိုးသားတစ်ဦး တို့သေဆုံးခဲ့ပါတယ်""ဟု ရန်ကုန် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန မှူး ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာထွန်းမြင့်က ဒီမိုကရေစီ တူဒေးသို့ ဇွန် ၁၉ ရက်ကအတည် ပြုပြောသည်။


ကျန်ရှိနေသော လူနာငါးဦး အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ အင်း စိန်ဆေးရုံကြီးတို့တွင် သီးသန့်ခွဲ၍ ကုသပေးနေကြောင်း သိရသည်။ " လူနာတွေက ရန်ကုန်ပြည် သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး တွေမှာ တက်ရောက်ကုသမှုခံယူ နေတာဖြစ်ပါတယ်။ ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့အတွက် သီးသန့် ခွဲပြီး ကုသမှုတွေပေးနေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ပြည် သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ ကာကွယ်ဆေး၊ ကူးစက်၊ သဘာဝ ဌာနခွဲ၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာသက်စုမွန်က ပြောသည်။


သေဆုံးသူသုံးဦးမှာ အသက် အကြီးဆုံး အသက်(၇၅)နှစ်နှင့် အသက်အငယ်ဆုံး(၂၉) နှစ်အရွယ် တို့ဖြစ်ပြီး ကိုယ်ဝန်ဆောင်နှင့်နာတာရှည်ဝေဒနာရှင်များဖြစ်ကြောင်း သိရသည်။၂၀၁၇ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း AH1N1 သံသယ လူနာ ၅၀ဝ ကျော်အနက် ၉၂ဦးမှာ ရောဂါပိုးရှိနေပြီး ၁၂ ဦး သေဆုံး ခဲ့ကြောင်းသိရသည်။

 

TTHL/Democracytoday