ရန်ကုန်၊ ဇွန် ၁၉ - နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ (၇၄)နှစ်ပြည့် မြောက်မွေးနေ့ကိုရည်ရွယ်ပြီး လူ ပေါင်း ၇၄၀ က ပန်းချီကားချပ်များ အသုံးပြုကာ ပုံဖော်ဂုဏ်ပြုခဲ့ကြ သည်။

အဆိုပါဂုဏ်ပြုသည့်အခမ်း အနားကို ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံတွင် ဇွန် ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းင်းကို ချစ်ခင်လေးစား သူများက စုပေါင်းပြုလုပ်ခြင်းဖြစ် ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးမောင်မောင်အေးကပြောသည်။

"ဒီအစီအစဉ်က အမေ့ကို ချစ်တဲ့သူတွေ အားလုံးစုပေါင်း လုပ်တာပါ"ဟု ၎င်းင်းကပြောသည်။

အဆိုပါအခမ်းအနားတွင် နေရာဒေသအသီးသီးမှ ပုဂ္ဂိုလ် များပါဝင်ကြပြီး နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် မျှော်မှန်းထားသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင် စုကို အမြန်ဆုံးရယူနိုင်ပါစေဟု လည်းဆုတောင်းကြောင်း အခမ်း အနားတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ် သည့် ကိုဇေယျကဆိုသည်။

"အမေဒီ့ထက်မက ကျန်းမာ ပြီး တိုင်းပြည်ကို ဆက်လက်ဦး ဆောင်နိုင်ပါစေ" ဟုလည်း ၎င်းင်းက ဆု မွန် ခြွေသည်။ ဂုဏ်ပြုပွဲသို့ တက်ရောက်လာ သူများကလည်း နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ရုပ်ပုံပါသည့် အင်္ကျီများ ကိုဝတ်ဆင်ကာ "အမေစု ကျန်းမာပါ စေ " ဟု ဝိုင်းဝန်းဆုတောင်းခဲ့ကြသည်။

ယင်းအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့အ ထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်တွင်လည်း သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ပြီး မွေးနေ့ကိတ်ကို ခွဲခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လည်း တက်ရောက်ခဲ့သည်။

မွေးနေ့အထိမ်းအမှတ် သစ်ပင် စိုက်ပွဲများကိုလည်း တိုင်းပြည်တစ် ဝန်း နေရာအနှံ့တွင် ကျင်းပခဲ့ကြ သည်။

HWA/Democracytoday