ရန်ကုန်၊ဇွန် ၂၁- အင်အားရာ ချီဆန္ဒပြခဲ့သော တညင်းကုန်းဈေး ဟောင်းကိုပိတ်သိမ်းကာ ဈေးသစ် သို့ ဈေးသည်ရာခိုင်နှုန်း ၇၀ ခန့် ဇွန် ၂၁ ရက်က ပြောင်းရွှေ့ပေးခဲ့ ကြောင်း သိရသည်။ နံနက် ၅ နာရီ ၄၅ မိနစ်မှ စ၍ ဈေးဟောင်းမှ ဈေးသည်များ ဈေးသစ်သို့ ပြောင်းရွှေ့ခဲ့ပေးခဲ့ ခြင်းဖြစ်ကာ မပြောင်းရွေ့ရေးအ တွက်ဆန္ဒပြခဲ့သော ဈေးသည်တချို့ လည်း လိုက်ပါပြောင်းရွှေ့ခဲ့ကြောင်း တွေ့ရသည်။

ရန်ကုန်၊ ဇွန် ၂၁- ကမ်းရိုးတန်းနေ ကျေးလက်ပြည်သူများ၏ အသက် မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အ လမ်းများကိုရေရှည်တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း ဖြင့် ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှသိရသည်။

နေပြည်တော်၊ ဇွန် ၂၁ - ဇွန် ၂၂ ရက်မှစတင်ပြီး ရန်ကုန်တိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်မီးပြတ်တောက်မှုများမဖြစ် တော့ဘဲ ယခင်ကအတိုင်း လျှပ်စစ်မီးများ ထုတ်လွှတ်ပေးတော့မည်ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မုံရွာ၊ ဇွန် ၂၁- စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာမြို့ ဘုန်းစိုးရပ်ကွက် ဘုန်းစိုး ဘုန်းတော်ကြီးကျောင်းအ တွင်း မုန့်မျိုးစုံကို အခမဲ့ယူဆောင် စားသုံးနိုင်သည့် Food Box အား ပထမဆုံးထားရှိထားကြောင်း သိ ရသည်။

ရန်ကုန်၊ ဇွန် ၁၉- ရန်ကုန်တိုင်းဒေ သကြီးတွင် ရာသီတုပ်ကွေးရောဂါ (AH1N1) ဖြစ်ပွားသူ ခုနစ်ဦးရှိပြီဖြစ် ပြီး သုံးဦးသေဆုံးသွားကြောင်း ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။