ရန်ကုန်၊ စက်တင်ဘာ ၈ - ပွင့်လင်းမြင်သာသောနိုင်ငံတကာ အဆင့်ရွှေဈေးကွက်ဖြစ် ပေါ်လာအောင် အစိုးရပံ့ပိုးမည်ဆိုပါက ယခုလို ကမောက်ကမဖြစ်မှုမျိုးကို ထိန်းချုပ် နိုင်မည်ဖြစ်သလို အခွန်ငွေလည်းရရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌဦးကျော်ဝင်းက ပြောသည်။


""နိုင်ငံတကာနဲ့တူတဲ့ ဈေးကွက်ပဲပြောမလား အဲဒီလိုဈေးကွက်တစ်ခုဖြစ်လာရင် နိုင်ငံတော်က စနစ်တကျဝိုင်းဝန်းပံ့ပိုးပြီး လုပ်ပေးနိုင်မယ်ဆိုရင် အဲဒီဈေးကွက်က အခွန် အခရမယ်။ အဲဒီအချိန်ကျရင် ပိုပြီးပွင့်လင်းမြင်သာတဲ့ဈေးကွက်ဖြစ်လာမယ်။ နိုင်ငံ တော်က ဖြစ်စေ၊ ပြည်သူလူထုဖြစ်စေ။


ကုန်သည်ဖြစ်စေအား လုံးက ပိုပြီးပွင့်လင်းမြင်သာစွာလုပ် တဲ့ စနစ်ကျတဲ့ဈေးကွက်တစ်ခုဖြစ် သွားမယ်။ ဈေးကမောက်ကမဖြစ် ရင်တောင်မှ အကြီးအကျယ်မဖြစ် နိုင်ဘူး။ ဖြစ်ခါနီးဆဲဆဲမှာချက် ချင်းသိလာမယ်သိတဲ့အခါ ဘယ် လိုထိန်းမလဲ၊ ဘယ်လိုလုပ်မလဲ။ လိုအပ်တဲ့ ှကစစူပကို ဖြည့်နိုင် မယ်။ လိုအပ်တဲ့ ီနာညေိကို ဘယ်လိုဖြည့်မလဲချက်ချင်းလုပ် လိုက်ရင် ခုနကလိုကမောက်ကမ မဖြစ်တော့ဘူး။ ဒီစနစ်ကျတဲ့ရွှေ ဈေးကွက် နိုင်ငံတကာအဆင့်ရှိတဲ့ ရွှေဈေးကွက် အခွန်ဆောင်တဲ့ဈေး ကွက်တစ်ခုဖန်တီးပေးမယ်ဆိုရင်အားလုံးအတွက်ကောင်းသွားမယ်။ ဒါဆိုနိုင်ငံတော်အတွက်အကျိုးရှိမယ်။ ပြည်သူအတွက်လဲအကျိုးရှိ မယ်။ အဲဒီလိုဖြစ်ဖို့ အရေးတကြီး ဆောင်ရွက်ပေးဖို့လိုနေတာပါ""ဟု ၎င်းင်းက စက်တင်ဘာ ၈ ရက်က ဆိုသည်။

လက်ရှိမြန်မာနိုင်ငံရှိရွှေဈေး ကွက်သည် မိရိုးဖလာလုပ်ဆောင် နေသည့် ဈေးကွက်တစ်ခုသာဖြစ် ပြီး ဈေးနှုန်းတည်ငြိမ်မှု နည်းပါး ကာ လူတစ်စု၏ ဈေးခြယ်လှယ်မှု များဖြင့် ဆောင်ရွက်နေသဖြင့် စိတ် ချရမှုမရှိကြောင်း ၎င်းင်းကပြော သည်။
""အဲဒီမိရိုးဖလာလုပ်နေတဲ့ ဈေးကွက်မှာ အချို့အပိုင်းတွေမှာ  အနောက်ကနေရပ်ပြီး လုပ်နေတဲ့ ကုန်သည်အကြီးစားတွေရှိတယ်။ တကယ်တမ်းကျတော့ ပွဲစားတွေ လုပ်နေတဲ့ အပိုင်းလည်းရှိတယ်}}ဟု ၎င်းင်းကပြောသည်။

ယင်းအပြင် ယခုရှိနေသော ဈေးကွက်ကို အဆင့်မြှင့်တင်ရန် သ့ိုမဟုတ် နိုင်ငံတော်မှ ဈေးကွက် အသစ်တစ်ခုကို စနစ်တကျ အ ကောင်အထည်ဖော်မည်ဆိုပါက  ရွှေကုန်သည်များလည်း တရားဝင် ရောင်းဝယ်ဖောက်ကားလာမည် ဖြစ်ကြောင်း ၎င်းင်းကဆက်လက် ပြောသည်။

စက်တင်ဘာ လဆန်းက အ ခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၀၀၀၀၀ ကျော်သာရှိခဲ့ရာမှ စက်တင်ဘာ ၅ ရက်တွင်  အခေါက် ရွှေတစ်ကျပ်သား ကျပ် ၁၃၁၅၀၀၀ ခန့်အထိ ဈေးမြင့်တက်လာခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ရွှေဈေး သည် အခေါက်ရွှေတစ်ကျပ်သား ၁၂၅၆၀၀၀ သို့ရောက်ရှိခဲ့ကာ ကျပ် ငါးသောင်းခန့် ရုတ်တရက်ကျဆင်း ခဲ့ခြင်းဖြစ်သည်။

""ကျွန်တော်တို့နိုင်ငံပဲ မဟုတ် ဘူး။ အခြားနိုင်ငံလည်း အတူတူပဲ ပြည်သူလူထုကငွေရေးကြေးရေး နဲ့ပတ်သက်လာရင် ယုံကြည်မှု ဘယ်လောက်အားကောင်းသလဲ၊ အဲဒီအပေါ်မှာမူတည်ပြီးတော့ စီး ပွားရေးတည်ငြိမ်မှုတို့ ကုန်ဈေးနှုန်း တည်ငြိမ်မှုတို့ အဲဒီအပေါ်မှာမူ တည်ပါတယ်။ တကယ်လို့သာ ပြည်သူလူထုက ငွေကြေးတစ်ခု အပေါ် ယုံကြည်မှုအားနည်းလာပြီ ဆိုရင် အဲဒီနိုင်ငံတစ်ခုက ကုန် ဈေးနှုန်းအတက်အကျတွေများ မယ်။

အထူးသဖြင့်ကျွန်တော်တို့ ဒေါ်လာတွေ၊ ရွှေတို့ ငွေမာသ ဘောမျိုးသုံးနေတဲ့ပစ္စည်းတွေ အားလုံးကဈေးကစားတာများ လာမယ်။ တကယ်လို့ ငွေကြေးအ ပေါ်မှာယုံကြည်မှုရှိတယ်ဆိုရင် ဒေါ်လာကစားတာတို့ ရွှေကစား တာတို့ နည်းသွားမယ်""ဟု မြန်မာ နိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းကပြောသည်။
ယခုရက်ပိုင်းအတွင်း အစိုးရ တာဝန်ရှိသူများက ကောလာဟလ များကို မယုံကြည်ကြရန် ပြောဆို ပြီးနောက် ရွှေဈေးပြန်လည်တည် ငြိမ်လာကာရွှေအရောင်း အဝယ် ပုံမှန်အနေအထား ပြန်လည် ဖြစ် ပေါ်လာကြောင်း ရွှေဈေးကွက်အ တွင်းမှ သိရသည်။

 ""အဓိက ဝယ်လိုအားနည်း သွားတော့ ပစ္စည်းကတည်ငြိမ်သွား မယ်""ဟု ဦးကျော်ဝင်းကဆိုသည်။
စက်တင်ဘာ ၉ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၅၅၀၀၀ ခန့်ဖြင့် အရောင်း အဝယ်ပြုလုပ်လျက်ရှိသည်။

 NT
#Democracytoday