ရန်ကုန်၊ စက်တင်ဘာ ၈ - ပွင့်လင်းမြင်သာသောနိုင်ငံတကာ အဆင့်ရွှေဈေးကွက်ဖြစ် ပေါ်လာအောင် အစိုးရပံ့ပိုးမည်ဆိုပါက ယခုလို ကမောက်ကမဖြစ်မှုမျိုးကို ထိန်းချုပ် နိုင်မည်ဖြစ်သလို အခွန်ငွေလည်းရရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌဦးကျော်ဝင်းက ပြောသည်။

မန္တလေး၊ စက်တင်ဘာ ၄-တရုတ် ဝယ်လက်များအပြင် နိုင်ငံခြားခရီး သည်များလာရောက်မှုရှိသည့် မ ဟာအောင်မြေကျောက်မျက်ရတ နာရောင်းဝယ်ရေးစခန်း (မန္တလေး ကျောက်ဝိုင်း)ကို ညပိုင်းတွင်တိုးချဲ့ ဖွင့်လှစ်နိုင်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် စခန်းအကျိုးတော်ဆောင် ကော်မ တီတို့ပူးပေါင်းစီစဉ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ ၄ - ရန်ကုန် စက်တင်ဘာ ၄ - ကျပ် ၁၃၈သိန်းမှစပြီး ကျပ်သိန်တစ်ထောင်ကျော်တန်ဖိုးရှိ တိုက်ခန်းများနှင့်ကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိမြေကွက်များကို မြန်မာနိုင်ငံလိုင်စင်ရကန် ထရိုက်တာများသင်းချုပ်မှ ကမ္ဘောဇဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြဝတီ၊ စက်တင်ဘာ ၄- မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းဘတ်ငွေဈေး စံချိန်တင်မြင့်တက်လာမှုကြောင့် မြဝတီမှကုန်သည် များ ထိုင်းကုန်ပစ္စည်းများ ဝယ်ယူခြင်းမရှိတော့ဘဲ အဝယ်ရပ်နားထားရကြောင်း သိ ရသည်။

ရန်ကုန်၊ စက်တင်ဘာ ၄- ညောင် နှစ်ပင်ကို တောင်ကိုရီးယား-မြန် မာစက်မှုဇုန်အဖြစ် ဖော်ဆောင်ရန် တောင်ကိုရီးယားသမ္မတမွန်ဂျေး အင်က ပန္နက်ချပေးခဲ့ကြောင်း သိရသည်။